ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းစံပြကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးအတွက် ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက စက်ရေတွင်းတူးဖော်ခြင်းနှင့်ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တင်တည်ဆောက်ခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုးချဲ့ရေပိုက်လိုင်းသွယ်တန်းခြင်းလု်ပငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။